Saturday, May 12, 2012

Telnet နဲ့တစ်ခြားစက်ကိုဝင်မွှေမယ်

ဒီတစ်ခါတော့Telnet command နဲ့ Network ချိတ်ထားတဲ့ တခြားစက်ထဲကို ၀င်မွှေကြည့်ရအောင် ။
Remote Desktop နဲ့ ကွာခြားချက်ကတော့ သူက သုံးနေတဲ့ User တောင်မသိနိုင်ဘူး ...
သူ့ရဲ့ အားနည်းချက်ကတော့ တစ်ဖက်စက်မှာ Telnet Services On ထားရတယ်
နောက် အဲဒီစက်ရဲ့ Username \ Password သိရမယ် ဗျ

ကဲ စ ကလိကြည့်လိုက်ရအောင် ....

 ပထမဆုံး ကိုယ်စမ်းမဲ့ စက်နှစ်လုံးရဲ့ Telnet Services ကို On ရန်
Start >> Run > services.msc ထဲက Telnet Service ကို click လိုက်ပါ
ပေါ်လာတဲ့ Properties box ရဲ့ Startup Type မှာ Automatic ပေးလိုက်ပါ ၊
 ပြီးရင် Apply လုပ်လိုက်ပါ Start buttom လေးလင်းလာပါလိမ့်မယ်
Start လုပ်ပြီး Ok ။ (စက်နှစ်လုံး လုံးကို လုပ်ပေးရမှာနော်..)
https://sites.google.com/site/naivedemon/Home/photo1/telnet-i.jpg

Start > Run > cmd  ထဲမှာ Telnet လို့ ရိုက်လိုက်ပါ ၊
ပြီးရင် အောက်မှာပြထားတဲ့ အတိုင်း "o" (အို) လို့ရိုက်လိုက်ပါ
Microsoft Telnet > o
< to > ဆိုပြီး ပေါ်လာပါလိမ့်မယ်
ကိုယ်လှမ်းသုံးမဲ့ စက်ရဲ့ Ip Address ကို ရိုက်လိုက်ပါ ။ ဥပမာ - တစ်ဖက်စက်ရဲ့ IP က
192.168.1.2 ဆိုပါစို့ ။

Do you went to send anyway <y/n>: ဆိုပြီးမေးလာလိမ့်မယ်
n လို့ဖြေပေးလိုက်ပါ ။
https://sites.google.com/site/naivedemon/Home/photo1/telnet-ii.jpg

login:  နေရာမှာ တစ်ဖက်စက်ရဲ့ username နဲ့ password နေရာမှာ password ကို ဖြည့်လိုက်ပါ
https://sites.google.com/site/naivedemon/Home/photo1/telnet-iii.jpg

C:\Document and settings\user>
ဆိုပြီးတစ်ဖက်စက်ထဲကိုရောက်သွားပါလိမ့်မယ် ......

အခုဆို မိမိဥာဏ်စွမ်းရှိသလို တစ်ဖက်စက်ကို command ထဲကနေမွှေလို့ရပါပြီ ....


တတ်သလောက်မှတ်သလောက်လေးတွေပါ  .............

No comments:

Post a Comment