Saturday, May 19, 2012

အရောင်များ၏အခြေခံသဘော


အရောင်များ၏အခြေခံသဘောကို ယခုလိုအုပ်စုများခွဲ၍ လေ့လာနိုင်ကြောင်းဖတ်ရူမှတ်သားရပါတယ်.
   1-First Colour(primary colour)
   2-Secondary Colour
   3-Third Colour
   4-Rotate of Colour(Colour ၏လည်ပတ်ပုံ)
   5-အဖြူ အနက် နှင့် မီးခိုးခေါ် Tone Colour များ
   6-Brightness (ခေါ်) မီးခိုးရောင်များ
   7-Opposite Colour(ဆန့် ကျင်ဘက်အရောင်များ)
   8-Harmony Colour(မိတ်ဖက်အရောင်)
   9-Cool Colour & Hot Colour

1-First Colour(primary colour)
First Colour (Primary Colour) သည်  အနီ၊အ၀ါ၊အပြာ မှစတင်အခြေခံကာဖြစ်ပေါ်လာသည်။ထို့ ကြောင့် အနီ၊အ၀ါ၊အပြာ ကို First Colour ဟုခေါ်သည်။
2-Secondary Colour
Secondary colour သည် First Colour သုံးရောင်ကို အချိုးအဆတူပေါင်းစပ်ခြင်းဖြင့်ထပ်မံထွက်ပေါ်လာသောcolour များကို secondary colour ဟုခေါ်သည်။
ဥပမာ-
အနီ+အ၀ါ(၁း၁)=လိမ္မော်
အ၀ါ+အပြာ(၁း၁)=အစိမ်း
အပြာ+အနီ(၁း၁)=မရမ်း
ထိုပေါ်ထွက်လာသောအရောင်များသည် Secondary colour များဖြစ်သည်.
3-Third Colour
Third Colour သည် First Colour  သုံးရောင်ကိုအချိုး ၂ဆ ၁ဆဖြင့်ရောစပ်၍ပေါ်ထွက်သောအရောင်များဖြစ်သည်.
ဥပမာ-
အနီ+အ၀ါ(၂း၁)=နီလိမ္မော်
အနီ+အ၀ါ(၁း၂)=၀ါလိမ္မော်
အ၀ါ+အပြာ(၂း၁)=၀ါစိမ်း
အ၀ါ+အပြာ(၁း၂)=ပြာစိမ်း
အပြာ+အနီ(၂း၁)=ပြာမရမ်း
အပြာ+အနီ(၁း၂)=နီမရမ်း
ယခုဖော်ပြပြီးသော First Colour, Secondary Colour နဲ့  Third Colour အားလုံးပေါင်းလျှင်အရောင်(၁၂)မျိုးရရှိပါမယ်.အဲဒီအရောင် (၁၂)မျိုးကို Hue ရောင်စဉ်များဟုခေါ်သည်.
4-Rotate of Colour ကာလာ၏လည်ပတ်ုံ်ပုံ
Colour Theory မှာ အနီမှစပြီး CW(Clock Wise)နာရီလက်တံအတိုင်းလည့်ပတ်သည်.
အနီ.နီလိမ္မော်.လိမ္မော်.၀ါလိမ္မော်.အ၀ါ.အစိမ်း.ပြာစိမ်း.အပြာ.ပြာမရမ်း.မရမ်း.နီမရမ်း
အထက်ကပုံကိုပြန်လေ့လာကြည့်ပါ.
5-အဖြူ အနက် နှင့်မီးခိုး (ခေါ်) Tone Colour များ
Hue-ရောင်စဉ်
Saturation-အသွေးအနုအရင့်
Brightness-အလင်းအမှောင်
အဖြူ အနက်နှင့်မီးခိုးတို့ သည်အရောင်များဟုခေါ်လို့ မရပါ.၎င်းတို့ အား Tone colour ဟုခေါ်သည်.အဖြူ နှင့်အနက်ကို Saturation ဟုခေါ်သည်. အရောင်တစ်ခုအားSaturationပြုလုပ်ခြင်းဖြင့်ထိုအရောင်မှအနုအရင့်ဖြစ်လာခြင်းကိုခေါ်သည်.ဥပမာ-အနီရောင်ကို အဖြူဘက်ခြမ်းသို့ရွေ့ လျှင်ပန်းရောင် (pink colour)အနက်ဘက်ခြမ်းသို့ရွေ့ လျှင်နီညို(deep red)ကိုရမည်ဖြစ်သည်.ထိုနည်းအတိုင်း Hue Colour ၁၂ရောင်အား Saturate ပြုလုပ်ခြင်းဖြင့်နောက်ထက်အရောင်ပေါင်းများစွာပေါ်ထွက်လာမည်ဖြစ်သည်.
6-Brightness(ခေါ်)မီးခိုးရောင်များ
မီးခိုးရောင်အား Brightness ဟုခေါ်သည်.အဖြူနှင့်အနက်ပေါင်းလျှင် မီးခိုးရမည်.အဖြူနှင့် အနက်ကြားရှိမီးခိုးရောင်တွင်အဆင့်များစွာရှိသည်.ဥပမာ-မီးခိုးကိုအဖြူဘက်ခြမ်းသို့ ရွေ့ လျှင် Sliver အရောင်ရပြီးအနက်ဘက်ခြမ်းသို့ ရွေ့ လျှင် Gray အရောင်ရမည်.မီးခိုးမှာ အလင်းအမှောင်ဖြစ်သဖြင့်မီးခိုးဘက်သို့ လာသောအရောင်များမှာမိုင်းသည်.အရောင်များကို အနုအရင့် အလင်းအမှောင်ကစားကြည့်ပါ.နာမည်မသိနိုင်သော Colour Code များစွာပေါ်ထွက်လာပေမည်.
7-Opposite Colour(ဆန့် ကျင်ဘက်အရောင်များ)
ကာလာစက်ဝိုင်းအတွင်းမျက်နှာချင်းဆိုင်တည့်တည့်တွင်ရှိသောအရောင်အချင်းချင်းကို(oppositecolour)ဟုခေါ်သည်.ဥပမာ-အနီနှင့်မျက်နှာချင်းဆိုင်တည့်တည့်တွင်ရှိနေသောအရောင်မှာအစိမ်းဖြစ်၍ အနီ၏ opposite colour မှာ အစိမ်းဖြစ်သည်.နီလိမ္မော်၊၀ါလိမ္မော် တို့ ကဲ့သို့ အရောင်များ၏opposite colour ကိုရုတ်တရက်မသိပါက၎င်းအရောင်နာမည်ကိုပြောင်းပြန်တွက်ကြည့်ခြင်းဖြင့်လည်းတမျိုးသိနိုင်သည်.ဥပမာ-နီလိမ္မော်ဆိုပါစို့ .လိမ္မော်၏ opposite မှာအပြာဖြစ်ပြီးအနီ၏opposite မှာအစိမ်းဖြစ်သည်.ထို့ ကြောင့်နီလိမ္မော်၏opposite colour မှာပြာစိမ်းဖြစ်သည်.
အနီ-အစိမ်း၊အ၀ါ-မရမ်း
အပြာ-လိမ္မော်၊နီမရမ်း-၀ါစိမ်း
နီလိမ္မော်-ပြာစိမ်း၊၀ါလိမ္မော်-ပြာမရမ်း
8-Harmony Colour (မိတ်ဖက်အရောင်)
ကာလာစက်ဝိုင်းအတွင်း တစ်ခုကျော် အရောင်များသည် Harmony colour ဖြစ်သည်.
ဥပမာ-အနီရောင်၏တစ်ခုကျော်အရောင်မှာ မရမ်းနှင့်လိမ္မော် ဖြစ်သည်.အရောင်တစ်ခုစီတွင်မိတ်ဖက်အရောင် နှစ်ခုဆီရှိသည်.
9-Cool Colour & Hot colour
Hue Colour ၁၂ ရောင်ကို နှစ်ပိုင်း ပိုင်းကာ hot colour နှင့် Cool colour ခွဲခြားသည်.
အ၀ါမှ နီမရမ်း(ဘယ်ဘက်ခြမ်း)သည် hot colour (အရောင်ပြင်း)ဖြစ်သည်.
ဝါစိမ်းမှမရမ်းအထိ(ညာဘက်ခြမ်း)သည် Cool colour (အရောင်အေး)ဖြစ်သည်.

No comments:

Post a Comment