Friday, May 18, 2012

I Love You Virus

ဒီ Virus က Folder တွေကို မိန်းကလေးတစ်ယောက်ရဲ့ ပုံကို ပြောင်းပစ်လိုက်ပြီး “အရမ်းချစ်တယ်“ ဆိုတဲ့ စာသားပေါ်လာပါတယ်။ ဒါဟာ I Love You Virus ဝင်ရောက်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ မိမိတို့ရဲ့ File တွေ၊ Data တွေကို Backup လုပ်ထားဖို့လိုပါတယ်။ အကောင်းဆုံးကတော့ Restore လုပ်တာပါပဲ။
အရမ်းချစ်တယ် Virus ကို သတ်ဖို့အတွက်ကတော့ Software နှစ်ခု ရှိပါတယ်။ တစ်ခုက ယောက်ျားလေးပုံနဲ့ Rev.exe ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ အသည်းပုံလေးနဲ့ Rev ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အသည်းပုံနဲ့ Software ကို သုံးပါတယ်။ အဲဒီ အသည်းပုံနဲ့ Software လေးကို Run လိုက်ရုံပဲဖြစ်ပါတယ်။ ဒီ Software လေးကို Run ပြီး တစ်မိနစ်၊ နှစ်မိနစ်ခန့်ကြာရင် ကွန်ပျူတာက Restart ကျသွားပါလိမ့်မယ်။ Windows ပြန်တက်လာတဲ့အခါ စက်ထဲမှာ ကောင်မလေးပုံနဲ့ အရမ်းချစ်တယ် (I Love You Virus) ပျောက်သွားပါပြီ။ မိတ်ဆွေတို့ရဲ့ File တွေ၊ Data တွေ နဲ့ Windows စနစ်ကို ဘာမှ ထိခိုက်မှုမရှိပါဘူး။ မိတ်ဆွေတို့အနေနဲ့ စိတ်ချလက်ချ သုံးနိုင်ပါတယ်။

No comments:

Post a Comment