Saturday, May 12, 2012

Explorer.exe Virus

ကျနော် တို့ မကြာခဏကြုံတွေ့ရတတ်တဲ့ ပြဿနာလေးတစ်ခုပါ ..
Windows တတ်ပြီး monitor မှာ Desktop plain ကြီးပဲပေါ်နေတာမျိုးကြုံဖူးမှာပါ ။
Task Manager ကိုခေါ်ပြီး Run box မှာ explorer.exe လို့ ရိုက်လိုက်မှ Startup တတ်လာတာမျိုးပေါ့
ဒီလို ပြဿနာကိုဖြေရှင်းဖို့ ...
1. Task Manager ကိုခေါ်လိုက်ပါ < Ctrl+ Alt+ Del > ၊ Process Tab မှာ explorer.exe ကိုရှာကြည့်ပါ
ရှိနေရင် End process ပေးလိုက်ပါ ။
2. File ရဲ့ Run မှာ cmd လို့ရိုက်လိုက်ပါ ။ Command Prompt ကိုခေါ်ပြီး Windows အောက်ကိုသွားဖို့
   cd "%windir%"   လို့ ရိုက်လိုက်ပါ
  ပြီးရင် explorer.exe ကို နာမည်ပြောင်းဖို့          ren explorer.exe nn.exe   လို့ပြောင်းလိုက်ပါ
   nn.exe နေရာမှာ ကိုယ်ပြောင်းချင်တဲ့အမည်ပြောင်းလို့ ရပါတယ်
3. regedit လို့ရိုက်လိုက်ရင် Registry Editor ပွင့်လာပါလိမ့်မယ် ၊ အဲဒီကမှ
HKEY_LOCALMACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Win logon အထိ သွားပြီး
ညာဘက် Navigation Pannel ရဲ့ အောက်က Shell ကို Double Click ပြီး Value Data မှာ စောစောက ပြောင်းခဲ့တဲ့ နာမည်
 nn.exe လို့ပြောင်းပေးလိုက်ပါ ။
4. Task Manager ရဲ့ Run box မှာ nn.exe ကိုခေါ်လိုက်ပါ ... ၊ အဆင်ပြေသွားပြီ။

  အခုတလော Upload တင်ရတာကလဲ အဆင်မပြေဘူး ဗျ ။ နောက်များမှ Explorer.exe Cleaner လေးတင်ပေးပါဦးမယ် ...

No comments:

Post a Comment