အခုတစ်ခါ နာမည်ကြီး CMS တစ်ခုဖြစ်တဲ့ Drupal ကို Ubunutu Linux ရဲ့ Local မှာဘယ်လို Install
လုပ်ရမယ်ဆိုတာလေးပြောပြပါမယ်။ windows မှာလိုပဲ Drupal run ဖို့အတွက် web server Software
လိုအပ်ပါတယ်။ Ubunutu အတွက် Bitnami Lampstack ဆော့ဝဲလေးကိုသုံးပါမယ် ။ Linux Installer
ဖိုင်တွေဟာ .bin နဲ့ အဆုံးသတ်ပါတယ်။ပထမဆုံး
ဒီဆိုက်လေးကနေ Lampstack ရယ် Drupal ရယ်ကိုဒေါင်း
လိုက်ပါ ။ ကိုယ့်ဖာသာဆက်လေ့လာချင်သူတွေအနေနဲ့ကတော့ Joomla ပါဒေါင်းပြီး သပ်သပ်ထပ်စမ်းလို့ရပါတယ်။
အသေးစိတ်လေ့လာချင်တဲ့သူတွေကတော့
ဒီမှာ ၀င်လေ့လာလို့ရပါတယ်။ ဖိုင်လေးကိုဒေါင်းပြီး
သွားရင် Desktop မှာ Paste လုပ်ပြီးသိမ်းလိုက်ပါ။ ဒါဆို ကျွန်တော်တို့ စလို့ရပါပြီ။ Terminal ကိုခေါ်လိုက်ပါ။
လက်ရှိရောက်နေတဲ့နေရာကိုသိဖို့အတွက် ls လို့ရိုက်ထည့်လိုက်ပါ ။ ကျွန်တော်သိမ်းထားတာက Desktop
ပေါ်မှာဖြစ်တဲ့အတွက် Desktop ပေါ်ကိုသွားဖို့လိုပါတယ် ။ ဒါကြောင့် cd Desktop လို့ရိုက် Enter ဆင်းပါ။
Desktopထဲဝင်သွားပါပြီ ။ ဆက်ပြီး Bitnami File ထဲကိုသွားပါမယ် ။ဒါကြောင့် cd Bitnami လို့ရိုက် Enter
ခေါက်လိုက်ပါ။Bitnami ထဲရောက်ပါပြီ သေချာစေဖို့ ls လို့ရိုက်ထည့်ပါမယ် ။Ls က List ကိုဆိုလိုတာပါ
လက်ရှိရောက်နေတဲ့နေရာ မှာဘာတွေရှိတယ်ဆိုတာကြည့်နိုင်ပါမယ် ။ဒါဆို Installer file တွေကို မြင်နေရ
ပါပြီ ။ အဲဒီက Lampstack ဆိုတဲ့ Server Software ရဲ့ ဖိုင်နာမည်အပြည့်အစုံကိုမှတ်မိပါစေ။ပြီးရင်
Sudo ./bitnami-lampstack-2.1-1-linux-installer-bin လို့ရိုက်ထည့်လိုက်ပါ။ sudo ./ Command ဟာ
သူ့နောက်ကInstaller file ကို Install လုပ်ခိုင်းလိုက်တာဖြစ်ပါတယ်

ဒါဆိုရင် Bitnami Lampstack စတင်ပါမယ် ။သိမ်းမယ့်နေရာကိုသူကပြပါမယ် ။မှတ်ထားလိုက်ပါ။
သူပြတာက /opt/lampstack-2.1-1 နေရာမှာသိမ်းမယ်လို့ပြောတာပါ ။ Forward နှိပ်ပါ။

နောက်တစ်ဆင့်မှာ Password တောင်းပါမယ်။ Password ကိုနှစ်ခါပြန်ထည့်ပေးရပါမယ်။
နောက်တစ်ဆင့်မှာတော့ Install လုပ်ဖို့အဆင်သင့်ဖြစ်ပြီလို့Message ပြပါမယ် Forword လုပ်ပါ။
ဒါဆို Install စလုပ်ပါပြီ အချိန်အနည်းငယ်ကြာပါမယ်။
Install ပြီးသွားခဲ့ရင်တော့ Linux ရဲ့ Browser ကနေ LAMPStack Server တတ်လာပါမယ်။

ဒါဆို Web Server တော့ရပါပြီ။ Drupal ကိုဆက်သွင်းပါမယ် ။ Terminal ထဲမှာ Drupal အတွက်
Command ပေးပြီး Install လုပ်ခိုင်းလိုက်ပါ ။ဒီတစ်ခါတော့သူက Password တောင်းလာပါမယ်။
Password ထည့်ပေးရပါမယ်။ အဲဒီ Password ဟာ OS Install လုပ်ကတည်းက ပေးထားရတဲ့
Root Password ဖြစ်ပါတယ်။ဒါဆို Drupal တတ်လာပါမယ်။

နောက်တစ်ဆင့်မှာ Select a folder ဆိုပြီး သိမ်းမယ့်လမ်းကြောင်းတောင်းပါတယ်။
သိမ်းချင်ရာသိမ်းလို့မရပါဘူး ။စောစောက Lampstack သိမ်းခဲ့တဲ့နေရာ /opt/lampstack-2.1-1 ကိုပဲရွေးပေး
ရပါမယ်။နေရာလွဲနေရင်ရှေ့ဆက်အလုပ်မလုပ်ပဲရပ်နေပါလိမ့်မယ်။ နောက်တစ်ဆင့်မှာတော့ Login
ဝင်ရမယ့်နာမည်။ တကယ့်နာမည်။အီးမေးလ် ။password စတာတွေကိုဖြည့်ရပါမယ်။

နောက်တစ်ဆင့်မှာတော့ Install လုပ်ဖို့အဆင်သင့်ဖြစ်ပြီလို့Message ပြပါမယ် Forword လုပ်ပါ။
ဒါဆို Install စလုပ်ပါပြီ အချိန်အနည်းငယ်ကြာပါမယ်။

ပြီးသွားခဲ့ရင် တော့ Brower မှာ Drupal ရဲ့ Default ဆိုက်ကိုစတင်ထိတွေ့ခွင့်ရပါပြီ။

Windows မှာတုန်းက PHP My admin ထဲမှာ Database ဆောက်ပေးခဲ့ရပါတယ်။ဒီမှာမဆောက်ပေးခဲ့ရတာ
နည်းနည်းထူးဆန်းတယ်ထင်ကြမယ်ထင်တယ် ။ Localost ကနေ Phpmyadmin ကိုသွားကြည့်ရအောင်..
Phpmyadmin ဟာ Linux မှာပထမဆုံးအကြိမ်အတွက် Password တောင်းပါတယ် ။ Web Server တင်တုန်း
က Password ကိုပဲပေးရပါမယ် ။ ဒါဆို Phpထဲမှာ bitnami_drupal6 နာမည်နဲ့ သူ့ဖာသာ Database
ဆောက်ပေးထားတာကိုတွေ့ရပါမယ်။

Terminal ကို exit ရိုက်ထည့်ပြီး ပိတ်လိုက်လို့ရပါပြီ။
ကိုယ့် Browser မှာ localhost လို့ရိုက်ထည့်ပြီးနောက် Drupal ကိုထပ်ခေါ်လိုက်ပါ။စိတ်ကြိုက်ပြင်ဆင်မှုတွေ
အတွက်အဆင်သင့်ဖြစ်ပါပြီ။ Modules အသစ်တွေထပ်ထည့်ချင်တယ်ဆိုရင်တော့သူ့ folder က
/opt/lampstack-2.1-1/apps/ ထဲမှာရှိနေပါတယ် အဲဒီထဲက Drupal အောက်မှာ htdocs Folderရှိပြီးအဲဒီထဲ
မှာ ပြင်ဆင်နိုင်မယ့် Module Folder ,Themes Folder တွေကိုတွေ့နိုင်ပါတယ်။

Internet ဟာအမြဲ Update ဖြစ်နေတာမို့လို့ သူငယ်ချင်းတို့လက်တွေ့ လုပ်တဲ့အခါ Version
ကွာသွားတာမျိုးလောက်တော့ရှိနိုင်ပါတယ် ။ ဒါပေမယ့် ပြုလုပ်ပုံအဆင့်တွေအတူတူပါပဲ ...
ဒါဆိုရင်ကိုတော်တော်ကြီးပြည့်စုံသွားပါပြီ။ တစ်ခုခုအကျိုးရှိခဲ့မယ်ဆိုရင်ကျေနပ်ပါပြီ။
အဆင်ပြေပါစေ …..